ရုပ်ရှင်လက်မှတ်ကို အခမဲ့ ဘယ်လိုရယူမလဲ....
၁။ ကြည့်ရှုလိုသည့်ရုပ်ရှင်ဇာတ်ကားနှင့် ပြသမည့် အချိန်၊ နေ့ရက် တို့ကို ရွေးပါ။ လူကြီးမင်း ရွေးချယ်ထားသော အချိန်အတွက် ရရှိနိုင်သော ခုံနေရာကို system ထဲတွင်ပြပါလိမ့်မည်။ ပြီးနောက် “Next” ကိုနှိပ်ပါ။
၂။ လူကြီးမင်း၏ အချက်အလက်များကိုဖြည့်စွက်ပါ (အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ မှတ်ပုံတင်အမှတ် နှင့် ကြည့်ရှုလိုသည့်အကြောင်းအရင်း) ထို့နောက် “Next” ကိုနှိပ်ပါ။
** ဖုန်းနံပါတ်တစ်ခုလျှင် ရုပ်ရှင်တစ်ကားထက်ပို၍ စာရင်းသွင်းနိုင်ပါသည်။ သို့သော် ရုပ်ရှင်တစ်ကားချင်းစီအတွက် ပြသချိန်တစ်ကြိမ်တည်းကိုသာ ရွေးချယ်ခွင့်ပြုပါသည်။ **
** အသက် ၁၀ နှစ်အောက်ကလေးများအတွက် အုပ်ထိန်းသူမှနေ၍ မှတ်ပုံတင်အမှတ်ဖြည့်ရမည့်အကွက်တွင် “မှတ်ပုံတင်မရှိသေးပါ” ဟုရေးနိုင်ပါသည်။
၃။ အချက်အလက်များဖြည့်စွက်ပြီးပါက စာရင်းသွင်းထားသည့်အချက်အလက်များကို system ထဲတွင်ပြသမည်ဖြစ်ပါသည်။ ပြီးနောက် “Submit Request” ကိုနှိပ်ပါ။
၄. စာရင်းသွင်းထားသည့် အမှတ်ပါဝင်သော အတည်ပြုသည့်စာမျက်နှာသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ၄င်းစာမျက်နှာအား ဓာတ်ပုံရိုက်ထားပါ သို့မဟုတ် အီးမေးလ်ထဲတွင် အတည်ပြုအကြောင်းကြားစာကို စစ်ဆေးပါ။
၅။ ရုပ်ရှင်လက်မှတ်ရယူရန်အတွက်
(၁) အတည်ပြုအချက်အလက်စာမျက်နှာ သို့မဟုတ် အီးမေးလ် ( screenshot ကိုလဲလက်ခံပါသည်) နှင့်
(၂) မှတ်ပုံတင်/ပတ်စပို့ တို့အား
Junction City စင်တာ ၅ လွှာတွင်ရှိသော J-Cineplex ရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၂၈ ရက် ၀၉:၀၀-၁၈:၀၀ နာရီ နှင့် စက်တင်ဘာလ ၂၉ ရက် ၀၉:၀၀-၁၄:၀၀ နာရီ တို့တွင်ပြသထုတ်ယူရပါမည်။ ဝန်ထမ်းများမှ လူကြီးမင်း၏ စာရင်းသွင်းအချက်အလက်များကို စစ်ဆေးပြီး ခုံနေရာအတွက် တိုကင်နံပါတ်ကိုပေးအပ်ပါလိမ့်မည်။ (အခြား မိမိ၏ မိသားစု သို့မဟုတ် မိတ်ဆွေများနှင့်အတူလာရောက်ခြင်းဖြစ်ပါက ၄င်းတို့၏ အချက်အလက်များကိုပါပြသ၍ မိမိလိုချင်သည့် ထိုင်ခုံနေရာကို ရွေးချယ်နိုင်ပါသည်။)
ပွဲစီစဉ်သူများသည် နောက်ကျမှရောက်ရှိလာသူများအတွက် တာဝန်ယူပေးမည် မဟုတ်ပါ။ ရုပ်ရှင်စတင်ပြသည့်အချိန်ရောက်ပါက ရယူထားသောတိုကင်နံပါတ်များကို အခြားသူများသို့ ခွဲဝေပေးမည်ဖြစ်ပါသည်။
** မိမိရွေးချယ်ထားသော နေ့ရက်နှင့် အချိန်တို့အတွက် အဆင်မပြေသည်များရှိပါက စာရင်းသွင်းခြင်းအား ပယ်ဖျက်ပေးစေလိုပါသည်။ သို့မှသာ အခြားကြည့်ရှုလိုသူများအတွက် အချိန်ခွဲဝေပေးနိုင်မည်ဖြစ်ပါသည်။ စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ အပြောင်းအလဲပြုလုပ်ခြင်းကို စက်တင်ဘာလ ၂၇ ရက် ည ၂၀:၀၀ နာရီအချိန်တွင် system မှပိတ်သိမ်းမည်ဖြစ်ပါသည်။
** ရုပ်ရှင်လာရောက်ကြည့်ရှုသူ ပရိတ်သတ်များအတွက် ထိုင်း အချိုရည် သို့မဟုတ် သရေစာများကို လက်ဆောင်အဖြစ် မျှဝေပေးပါမည်။
ပွဲတော်သည် စီးပွားရေးအတွက်မဟုတ်ပဲ "Thailand's Soft Power Strategy" နှင့် Thai pop ယဉ်ကျေးမှုကို မြှင့်တင်ပေးရန်အတွက်သာ ရည်ရွယ်ပါသည်။
How to reserve for movie ticket with Free of Charge?
1. Select the title of movie as well as showing date and time. The system will show available seats in your selected showing time. Then click "Next"
2. Fill in your details (name, telephone number, Email, ID Card number and the reason to watch to movie) Then click "Next"
**Please note that one telephone number can book more than one movies but limited to only 1 showing time slot of each movie ***
**For the children under 10 years old, their parent can write down in ID Card number's cell that "still don't have ID Card"
3. After filling in information, the system will show the booking information then click "Submit Request"
4. You will reach to the confirmation page with reservation information including Reservation ID. Please capture that confirmation page or checking confirmation email in your email box.
5. To get a movie ticket, please present (1) a confirmation page or confirmation email (screenshot is acceptable) and (2) national ID card/Passport to J-Cineplex in 5th floor of Junction City on 28 September, 09.00 - 18.00 hrs and 29 September, 09.00 - 14.00 hrs. The staff will check your reservation information and a token will be given for a seat reservation. (If you come with other members of your family or your friend, you can present the reservation ID/information of them together to get the tokens so that you can book the preferred seats for all members of your group.)
Please note that the organizer will not be responsible for the late arrival. Tokens will be allocated to others once the movie starts showing.
** We encourage to make cancellation if you are no longer available on the selected date and time. A slot can therefore be allocated to other people who are interested to watch movie. The system is planned to close for making any change on reservation on 27 September, 20.00 hrs.
** There will be Thai drink or snack given as the present for those who go to watch the movies.
The event is to promote "Thailand's Soft Power Strategy" and Thai pop culture not for commercial purpose.
မေးခွန်း ၁ ။ မှတ်ပုံတင်မရှိသေးသူတွေရော လက်မှတ်စာရင်းသွင်းလို့ရပါလား။
အဖြေ ၁။ ရပါတယ် ။ အသက် ၁၀ နှစ်အောက်ကလေးတွေအတွက် အုပ်ထိန်းသူကနေ မှတ်ပုံတင်အမှတ်ဖြည့်ရမယ့်အကွက်မှာ “မှတ်ပုံတင်မရှိသေးပါ “ လို့ ရိုက်ထည့်ရပါမယ်။ စာရင်းသွင်းထားတဲ့ အချက်အလက်ကိုတော့ Junction City, 5th Floor က J Cineplex မှာ ပြပေးဖို့လိုပါတယ်။
မေးခွန်း ၂။ Website မှာစာရင်းသွင်းပြီးတဲ့အခါ လက်မှတ်ကို ဘယ်အချိန်ကနေစပြီး ထုတ်လို့ရလဲ။ ဘယ်လိုထုတ်ရမလဲ။
အဖြေ ၂။ Junction City စင်တာ ၅ လွှာတွင်ရှိသော J-Cineplex ရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၂၈ ရက် ၀၉:၀၀-၁၈:၀၀ နာရီ နှင့် စက်တင်ဘာလ ၂၉ ရက် ၀၉:၀၀-၁၄:၀၀ နာရီ တို့တွင်ပြသထုတ်ယူရပါမည်။ ဝန်ထမ်းများမှ လူကြီးမင်း၏ စာရင်းသွင်းအချက်အလက်များကို စစ်ဆေးပြီး ခုံနေရာအတွက် တိုကင်နံပါတ်ကိုပေးအပ်ပါလိမ့်မည်။ (အခြား မိမိ၏ မိသားစု သို့မဟုတ် မိတ်ဆွေများနှင့်အတူလာရောက်ခြင်းဖြစ်ပါက ၄င်းတို့၏ အချက်အလက်များကိုပါပြသ၍ မိမိလိုချင်သည့် ထိုင်ခုံနေရာကို ရွေးချယ်နိုင်ပါသည်။)
မေးခွန်း ၃။ ဖုန်းနံပါတ်တစ်ခုတည်းနဲ့ လက်မှတ်အများကြီးယူလို့ရပါလား။
အဖြေ ၃။ ဖုန်းနံပါတ်တစ်ခုလျှင် ရုပ်ရှင်တစ်ကားထက်ပို၍ စာရင်းသွင်းနိုင်ပါသည်။ သို့သော် ရုပ်ရှင်တစ်ကားချင်းစီအတွက် ပြသချိန်တစ်ကြိမ်တည်းကိုသာ ရွေးချယ်ခွင့်ပြုပါသည်။ သူငယ်ချင်းတွေနဲ့ မိသားစုတွေအတွက် စာရင်းသွင်းပေးချင်ရင် သူတို့ရဲ့ဖုန်းနံပါတ်တွေကို အသုံးပြုပြီး စာရင်းသွင်းလို့ရပါတယ်။
မေးခွန်း ၄။ ဖုန်းထဲက ဓာတ်ပုံရိုက်ထားတဲ့ မှတ်ပုံတင်ဓာတ်ပုံကို ပြလို့ရပါလား။
အဖြေ ၄။ ရပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ မှတ်ပုံတင်ကတ်ပြားအစစ်ကိုယူလာပေးဖို့လိုပြီး ဖုန်းထဲကရိုက်ထားတဲ့ မှတ်ပုံတင်ပုံ/မှတ်ပုံတင်မိတ္တူဆိုရင်တော့ ဓာတ်ပုံထဲကသူနဲ့အပြင်ကသူမျက်နှာတူရပါမယ်။
မေးခွန်း ၅။ ဖုန်းယူလာဖို့ အဆင်မပြေတဲ့သူတွေအနေနဲ့ စာရင်းသွင်းထားတဲ့ အတည်ပြုချက်ကို Print ထုတ်ယူလာလို့ရပါလား။
အဖြေ ၅။ ရပါတယ်။ မေးလ်ကနေ print ထုတ်လာလို့ရပါတယ်။
မေးခွန်း ၆။ ရုပ်ရှင်ကားက မြန်မာစာတမ်းထိုးနဲ့ပြမှာလား။
အဖြေ ၆။ မြန်မာရုပ်ရှင်စည်းကမ်းချက်အရ ဇာတ်ကား (၃) ကားလုံးကို အင်္ဂလိပ်စာတမ်းထိုးနဲ့ပြသမှာပါ။ (ရုပ်ရှင်ဇာတ်ကားနမူနာဗီဒီယိုတွေကိုပဲ ထိုင်းသံရုံးက မြန်မာလိုဘာသာပြန်ပေးထားတာပါ။)
Q1: Can those who still haven’t registered a national ID make the reservation for a movie ticket?
A1: Yes. For the children under 10 years old, their parents can write down in ID Card number's cell that "still don't have ID Card" Please show the booking confirmation data to the registration desk at the J Cineplex, 5th Floor, Junction City.
Q2: When and how to issue a movie ticket after making reservation on website?
A2: To get a movie ticket, please present (1) a confirmation page or confirmation email (screenshot is acceptable) and (2) national ID card/Passport to registration desk in front of J Cineplex in 5th floor of Junction City on 28 September, 09.00 - 18.00 hrs. and 29 September, 09.00 - 14.00 hrs. The staff will check your reservation information, and a token will be given for selecting a seat at J-Cineplex ticket counter. (If you come with other members of your family or your friend, you can present the reservation ID/information of them together to get the tokens so that you can book the preferred seats for all members of your group.)
Q3: Can I get multiple tickets with one phone number?
A3: One telephone number can book more than one movies but limited to only 1 showing time slot of each movie. If you want to book tickets for your friends or family members, please use their telephone numbers to make the separate reservation.
Q4: Can I show ID photo taken on the phone?
A4: You can do that. But at the registration desk, please present your original ID (if possible) or the copy/photo of ID saved in your phone. Please note that your face must match with the photo in ID card.
Q5: If I am unable to bring my phone to the registration table, can I print the registration confirmation?
A5: Yes, you can print confirmation from the email.
Q6: Is the subtitle of movie in Burmese or English?
A6: Due to the regulation of Myanmar authorities concerned, the subtitle of all 3 movies will be in English. (Only the trailer that the Embassy translated into Burmese)